Books

  • Home/
  • Books

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသမိုင်း

Author: ခိုင်စိုးနိုင်အောင်
Publish Date: 1 Aug, 2017
Category: Books

Book Review

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ  ALP ၏ ဖြစ်ပေါ်လာပုံနှင့် ကြိုးပမ်းဆောင် ရွက်ခဲ့မှုသမိုင်းကို ကျွန်ုပ် (ခိုင်စိုးနိုင်အောင်) ခိုင်နီလင်းနှင့် ခိုင်ရဲခိုင် (လက်ရှိ ALP ဥက္ကဋ္ဌ) တို့မှ ပြုစုရေးသားခြင်းဖြစ်သည်။ ကျွန်ုပ် (ခိုင်စိုးနိုင်အောင်) နှင့် ခိုင်ရဲခိုင်တို့ သည် ALP ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှု (၃) ကြိမ်စလုံးတွင် ခေါင်းဆောင်အဖြစ် ပါဝင် ခဲ့သည်။ ယခုလက်ရှိလည်း ပါဝင်နေဆဲဖြစ်သည်။ ခိုင်နီလင်းသည် ALP ၏ ဒုတိယ အကြိမ်ကြိုးပမ်းမှုတွင် စတင်ပါဝင်လာပြီး ခရစ်နှစ် (၂၀၁၀) ခုနှစ်တွင် ၉၆ ပါးရောဂါ ဖြင့် ကွယ်လွန်အနိစ္စရောက်သွားပြီးဖြစ်သည်။

          ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို ၁၉၆၇-ခု၊ ဧပြီလ (၉) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းသည့်အချိန်မှ ယခု (၂၀၁၄-ခုနှစ်) အချိန်ထိဆို လျှင် နှစ်အားဖြင့် (၄၇) နှစ် ရှိပြီဖြစ်သည်။ ဤ (၄၇) နှစ်တာကာလအတွင်း ပဋိပက္ခ မျိုးစုံ၊ ဒုက္ခမျိုးစုံတို့ကိုလည်း ဖြတ်ကျော်ခဲ့ရပါသည်။ ချွေးသွေး၊ အသက်ပေါင်း များစွာ တို့ဖြင့်လည်း အရင်းအနှီးများစွာ ပြုခဲ့ကြရပါသည်။ ထိုသို့အရင်းအနှီးပြု ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာခဲ့သောပါတီတစ်ခုဖြစ်သည်ကို အများပြည်သူ များ သိစေရန်အလို့ငှာ ရည်ရွယ်ပြီး လိုအပ်သောအချက်အလက်များကို စုဆောင်း၍ ပြုစုရေးသားကာ မှတ်တမ်းတင်ရခြင်းဖြစ်ပါသည်။

          ALP ၏ ဒုတိယအကြိမ်ကြိုးပမ်းမှုသမိုင်း၏ မိုင် (၂၀ဝ၀) ခရီးရှည်လျားသော ALP စစ်ကြောင်း (၁၉၇၆-ခု၊ ဇွန်လမှ ၁၉၇၇-ခု၊ ဇွန်လအထိ) နှင့်ပတ်သက်သော အကြောင်းအရာ အဖြစ်အပျက်များကို ခိုင်နီလင်း (ကွယ်လွန်) မှ စုဆောင်းပြုစု ရေး သားခြင်း ဖြစ်သည်။ ALP ၏ တတိယအကြိမ်ကြိုးပမ်းမှုတွင် ပါဝင်သော အနောက် ဘက်ဒေသ (ရခိုင်ပြည်)မှ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ခိုင်ရဲခိုင် (လက်ရှိဥက္ကဋ္ဌ) မှ တာဝန်ယူပြီး ပြုစုရေးသားသည်။ ကျန်ရှိနေသော ပထမအကြိမ် ကြိုးပမ်းမှု၊ ဒုတိယ အကြိမ်ကြိုးပမ်းမှုနှင့် တတိယအကြိမ် ကြိုးပမ်းမှုများကို ကျွန်ုပ် (ခိုင်စိုးနိုင်အောင်)မှ ပြုစုရေးသားပါသည်။

          ဤသို့ပြုစုရေးသားမှုကို ကျွန်ုပ် (ခိုင်စိုးနိုင်အောင်) အနေဖြင့် -၂၀ဝ၉-ခု၊ ဇူလိုင် လတွင် စတင်ပြီး အချက်အလက်များကို စုဆောင်းရှာဖွေပြုစု ရေးသားပါသည်။ ဤကဲ့သို့ စုဆောင်းပြုစုရေးသားရာတွင် မှတ်တမ်းမှတ်ရာများကို ရှာဖွေ စုဆောင်း ခဲ့ရပါသည်။ ၎င်းအပြင် ပါတီတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသော ပုဂ္ဂိုလ်များကိုလည်း ချဉ်းကပ်ပြီး အကြောင်းအရာအချက်အလက်များကို မေးမြန်းရပါသည်။ မိမိအနေ ဖြင့် စုဆောင်း ရှာဖွေ ပြုစုရေးသားထားသော အကြောင်းအရာ အချက်အလက် များကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသူများနှင့် တိုင်ပင်ဆွေးနွေးများကို လည်း ထပ်မံပြုလုပ်ရပါသည်။

          ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ ဒုတိယအကြိမ်ကြိုးပမ်းမှုတွင် ပါဝင်သော မိုင် (၂၀ဝ၀) ခရီးရှည်စစ်ကြောင်း (၁၉၇၆-ခု၊ ဇွန်လမှ ၁၉၇၇-ခု၊ ဇွန်လအထိ) နှင့် ပတ်သက်သောအကြောင်းအရာ အဖြစ်အပျက်များကို ခိုင်နီလင်း မှ ပြုစုရေးသားခြင်းဖြစ်ပါသည်။ ဤရေးသားမှုများတွင် ဖေါ်ပြထားသော နယ်မြေ ဒေသ၊ တောတောင်မြစ်ချောင်း စသည့်အမည်များကို ဖေါ်ပြရာတွင် အမည်နှင့် စာလုံးပေါင်း စသည်များ လွဲမှားနေလျှင်လည်း စာရေးသူ၏အားနည်းချက်သာ ဖြစ် ပါလိမ့်မည်။

          ခိုင်ရဲခိုင်သည် ALP ၏ တတိယအကြိမ်ကြိုးပမ်းမှုတွင် ပါဝင်သော အနောက် ဘက်ဒေသ (ရခိုင်ပြည်)မှ ပါတီနှင့်တပ်မတော်ကို ဖေါ်ထုတ်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုနှင့် ယခုအချိန်အထိ ကြိုးပမ်းဆောင်ရွက်နေမှုများကို ပြုစုရေးသား သည်။ ဤကဲ့သို့ ပြုစုရေးသားမှုကို ၂၀၁၀-ခု၊ မတ်လဆန်းမှ ဧပြီလ နောက်ဆုံး အပတ်အတွင်း ပြီးစီးအောင် ပြုစုရေးသားပါသည်။ ခိုင်ရဲခိုင်သည် မလေးရှားရှိ ALP ဌာနခွဲမှ အပြန်ခရီးတွင် ထိုင်းနိုင်ငံရှိ ALP ဌာနခွဲ သို့ ရောက်ရှိလာပါသည်။ သူသည် ထိုင်းနိုင်ငံရှိ ALP ဌာနခွဲတွင် (၂)လခန့် နေထိုင်ခဲ့စဉ်ကာလအတွင်း အထက်တွင် ဖေါ်ပြထားသော အကြောင်းအရာများကို ပြုစုရေးသားခြင်းဖြစ်ပေသည်။

          ALP ၏ မိုင် (၂၀ဝ၀) ခရီးရှည်စစ်ကြောင်း၏ အကြောင်းအရာအဖြစ်အပျက် များကို အစမှအဆုံးထိ စိတ်ရှည်လက်ရှည် အပင်ပန်းခံကာ ကူညီဆောင်ရွက်ပေး သော ခိုင်နီလင်း (ကွယ်လွန်) အားလည်းကောင်း၊ တတိယအကြိမ်ကြိုးပမ်းမှုတွင် ပါဝင်သော အနောက်ဘက်ဒေသ (ရခိုင်ပြည်) မှ ALP/ALA ၏ ကြိုးပမ်းဆောင်ရွက်မှု များကို ရှာဖွေစုဆောင်း ပြုစုရေးသားပေးသော ပါတီဥက္ကဋ္ဌကြီး ခိုင်ရဲခိုင်အားလည်း ကောင်း၊ အကြောင်းအရာအချက်အလက်အချို့ကို ပြင်ဆင်ဖြည့်စွက် ကူညီဆောင် ရွက်ပေးကြသော ခိုင်မျိုးမင်း (ဒု-ဥက္ကဋ္ဌ-၂) နှင့်တကွ အခြားသောကူညီဆောင်ရွက် ပေးသူများကိုလည်းကောင်း ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ဤစာဖြင့် အလေးအနက်ဖေါ်ပြအပ်ပါသည်။

          အထူးသဖြင့် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုပေးပြီး အင်္ဂလိပ်ဘာသာဖြင့် ကိုယ်တိုင်စာစီရိုက်နှိပ်ပေးသော ကိုတင်အောင်လှ (နိုဘိုး ဒုက္ခ သည်စခန်းတွင်UNHCR ၏အစောင့်အရှောက်ဖြင့်နေထိုင်ခဲ့သူ) အားလည်းကောင်း၊ ALP ၏ ဖြစ်ပေါ်လာပုံသမိုင်းတခုလုံးကို အစမှအဆုံးထိ မြန်မာဘာသာဖြင့် စာစီ ရိုက်နှိပ်ပေးကြသော ရုံးဝန်ထမ်းများဖြစ်ကြသည့် ခိုင်အောင်နိုင်၊ ခိုင်ကျော်ဝင်းနှင့် ခိုင်မင်းညိုတို့အားလည်းကောင်း စာအုပ်ဒီဇိုင်းပုံစံ (Design & Layout) ကို စိတ်ရှည်လက်ရှည်ဖြင့် လုပ်ပေးသော ခိုင်ကျော်ဝင်းအားလည်းကောင်း ကျေးဇူး တင်ရှိခြင်းနှင့်အတူ မှတ်တမ်းတင်အပ်ပါကြောင်း ယခုဤစာဖြင့် အလေးအနက် ထပ်မံဖေါ်ပြအပ်ပါသည်။ ALP ဖြစ်ပေါ်လာပုံနှင့် ကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို ရှာဖွေစုဆောင်းပြုစုရေးသားရာတွင် ကုန်ကျသုံးစွဲမှုများအတွက် ကျွန်ုပ် (ခိုင်စိုးနိုင် အောင်) မှ တာဝန်ယူဆောင်ရွက်ပေးသည်။


(မှတ်ချက်။ ဤစာအုပ်ကို ခရစ်နှစ် ၂၀၁၄ ခုနှစ်တွင် ထုတ်ဝေရန် အစီအစဉ်ရှိခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင်း မထုတ်ဝေနိုင်ခဲ့ပါ။ သို့ဖြစ်ပါ၍ စာအုပ် တွင်ဖေါ်ပြထားသော အကြောင်းအရာ အချက်အလက်အချို့သည် ခရစ်နှစ် ၂၀၁၄ ခု၊ ရှေ့ပိုင်းတွင် ရေးသားသောအကြောင်းအရာများသာဖြစ်ပါသည်။)


 


Download PDF

Related Books